Myanmar | English

 

Home

About Us

Our Services

Contact Us

Site Map

 
 

ကျွန်တော်တို့၏ ၀န်ဆောင်မှုများ


ကျွန်တော်များ Myanmar Digital Signature MDS Co.,Ltd သည် အဓိကအားဖြင့် Fiber To The Home FTTH စနစ်ဖြင့် Triple Play Service ပေးခြင်း လုပ်ငန်းများကို လူကြီးမင်းတို.စိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပေးလျှက် ရှိပါသည်။ အခြားသော Network Service များဖြစ်သည့် WiFi, Hotspot, VDSL, Private Network တပ်ဆင်အသုံးပြုခြင်း လုပ်ငန်းများကို ၀ါရင့်ပညာရှင်များမှ လူကြီးမင်းများ၏ စိတ်တိုင်းကျ ကျေနပ်မှု ရသည်အထိ တပ်ဆင်ဝန်ဆောင်မှုပေး လျှက်ရှိပါသည်။ ထို.ပြင် အရေးပေါ် အခြေအနေ များအတွက်လည်း ကျွမ်းကျင်ပညာရှင်များကို ၂၄ နာရီပတ်လုံး အရန်သင့် ထားရှိပေးထား ပါသည်။ ထို.ပြင် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရန်နှင့် Customer များ၏ လိုအပ်ချက်များကို လျင်မြန်စွာဆောင်ရွက်ပေးနိုင်ရန်အတွက် ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်မြို.များတွင် လည်း ကုမ္ပဏီရုံးခွဲများကို ဖွင့်လှစ်ထားရှိပါသည်။

Triple Play Service

Triple Play Service ဆိုသည်မှာ ချိတ်ဆက်မှုလိုင်းတစ်လိုင်းထဲမှ မြန်နှုန်းအလွန်မြင့်မားသော အင်တာနက်လိုင်း၊ IPTV ခေါ် Internet Protocol စနစ်သုံး ရုပ်သံလိုင်းများနှင့် ဖုန်းလိုင်းတစ်လိုင်းပါသော စနစ်ဖြစ်သည်။ ၎င်းကို ဖိုင်ဘာနန်းမျှင်သုံး ကြိုးအမျိုးအစားဖြင့် စိတ်တိုင်းကျဖြစ်အောင် တပ်ဆင် ၍ အကောင်းဆုံး ၀န်ဆောင်မှုပေးခြင်း ဖြစ်သည်။ သုံးစွဲသူများ လိုအပ်သလို စိတ်တိုင်းကျသုံးစွဲနိုင်ရန် package များလည်းခွဲထားပါသည်။ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းနှစ်မျိုးတည်းသာသုံးစွဲခြင်း သို.မဟုတ် Triple Play စနစ်အတိုင်း လိုင်းသုံးလိုင်းစလုံး သုံးစွဲခြင်း စသည်ဖြင့် စိတ်တိုင်းကျရွေးချယ် သုံးစွဲနိုင်ပါသည်။ လူကြီးမင်းများ ၏ Apartment, Condominium, Estates, Coffee Shop, Restaurant, Hotel, Industrial Zone များတွင် ၎င်းစနစ်များ သုံးစွဲခြင်းဖြင့် လူနေမှုအဆင့်အတန်း မြင့်မားပြီး လွယ်ကူလျှင်မြန်စွာ ဖြင့် Internet သုံးနိုင်ပါသည်။
 

Fiber To The Home

ယခုအခါတွင် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများတွင် အလွန်မြန်ဆန်ကောင်းမွန်သော Fiber Cable သုံး FTTH စနစ်ကို တွင်ကျယ်စွာအသုံးပြုလာ ကြသည်နှင့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အသုံးပြုနိုင်ပြီဖြစ်ပါသည်။ FTTH စနစ်ကို ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံများဖြစ်သည့် အမေရိကန်၊ ဂျပန်၊ တရုတ်နိုင်ငံနှင့်အခြား ဖွံ.ဖြိုးတိုးတက်သော စီးပွားရေးနိုင်ငံများတွင် အသုံးပြုနေသည်မှာ အောင်မြင်လျှက်ရှိပါသည်။ ၎င်းစနစ်တွင် ရရှိမည့်ဝန်ဆောင် မှုများမှာ Internet လိုင်းတစ်လိုင်း၊ VoIP ဖုန်းလိုင်းနှင့်၊ IPTV ခေါ် Internet Protocol သုံးရုပ်သံလိုင်းများကို ရရှိမည်ဖြစ်ပါသည်။ ၀န်ဆောင်မှုများ အတွက် နှုန်းထားများမှာလည်း ယခုလက်ရှိအသုံး ပြုလျှက်ရှိသော လိုင်းများထက် ကုန်ကျစရိတ် သက်သာပြီး လူတန်းစားမရွေး အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ထို.ပြင် Fiber To The Home စနစ်သည် Internet Service Provider (ISP) မှစ၍ နောက်ဆုံး ဆိုက်ရောက်ရာ လူကြီးမင်းများ၏ နေအိမ်၊ Condo၊ apartment စသည့်နေရာများသို. ရောက်သည်အထိ Fiber cable များကိုသုံး၍ ချိတ်ဆက်ပြီး Internet နှင့်အခြားသော ၀န်ဆောင်မှုများ အသုံးပြုခြင်း ဖြစ်ပါသည်။ ၎င်းအပြင် Fiber To The Curb၊ Fiber To The Building စသည့်စနစ်များ လည်းပါဝင်သည်။ FTTH စနစ်တွင် အသုံးပြုသော Fiber Optic Cable သည် အလင်း ဖြင့် data အချက်အလက်များ ဆက်သွယ်ပေးသောကြောင့် လက်ရှိသုံးနေသော ချိတ်ဆက်မှု စနစ်များနှင့် မတူပဲ ၎င်း၏အမြန်နှုန်းများ မြင့်မားသည်ကို တွေ.ရှိနိုင်မည်ဖြစ်ပါသည်။
 

Triple Play Service

Triple Play Service ဆိုသည်မှာ ချိတ်ဆက်မှု လိုင်းတစ်လိုင်းထဲမှ မြန်နှုန်း အလွန် မြင့်မား သော အင်တာနက်လိုင်း၊ IPTV ခေါ် Internet Protocol စနစ်သုံး ရုပ်သံလိုင်း များနှင့် ဖုန်းလိုင်း တစ်လိုင်း ပါသော စနစ်ဖြစ်သည်။ လူကြီးမင်းများ၏ Apartment, .........

Contact Info

No. (107),2nd Floor, Building (A), Highway Complex Condo , Corner of Narnattaw street & Bayintnaung Road Kamayut Tsp, Yangon.
Phone   : 01 - 523523 , 01 - 3449998
              01 - 3449999
Fax       : 01 - 523523
E-mail   : info@mdsmyanmar.com
Website : www.mdsmyanmar.com
 

© 2010-2011 Myanmar Digital Signature. All right reserved. Hit : 00

joomla statistics
Developed by CREATiVE Web Studio.